ချောင်းဆုံ ဩဂုတ် ၁၁
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ဒုတိယပတ်တွင် အသက်(၆)လ မှ(၅)နှစ်အရွယ်ကလေးများအား ဗီတာမင်အေ၊ သံချဆေးနှင့် အာဟာရမှုန့်တိုက်ကျွေးခြင်း ကို ယနေ့ နံနက်က မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာန/ ဌာနခွဲများတွင် ကျန်းမာရေးဝန်ထမ်း များက ဆေးတိုက်ကျွေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါဆေးတိုက်ကျွေးခြင်းတွင် အသက်(၆)လ မှ (၅)နှစ်အထိ ကလေးငယ်များအားလုံးကို ဗီတာမင်အေ တိုက်ကျွေးခြင်း၊အသက်(၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များကို သံချဆေးတိုက်ကျွေးပြီး အာဟာရ ချို့တဲ့သည့် (၂)နှစ်အရွယ်ကလေးများကို အာဟာရမှုန့် တိုက်ကျွေးပေးအပ်ခဲ့ကြောင်း မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်