ဂန့်ဂေါ သြဂုတ် ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာ များကို ပြည်သူများအလွယ်တကူ လေ့လာနိုင်ရန် ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနရုံး ရှေ့တွင် နံရံကပ်စာစောင်ပြုလုပ်၍ သြဂုတ် လဆန်းပိုင်းမှ စတင်ကာ နေ့စဉ် ခင်းကျင်းပြသ ထားသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်စာရင်း ကပ်ထားသည့်နေရာများ၊ သွားရောက်စစ်ဆေးပါ၊ မဲဆန္ဒရှင် စာရင်း နှင့်စပ်လျဉ်း၍ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက် စသည်တို့ အပြင် သိသင့်သိထိုက် သည်များကို ဖော်ပြထားပြီး သြဂုတ် ၁၄ ရက်ထိပြသထားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လေ့လာကြည့်ရှု နိုင်ကြကြောင်း သိရသည်။
တောင်သားမောင်သန်း