သံတောင်ကြီး သြဂုတ် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို အများ ပြည်သူများသိရှိစေရန် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာချမ်းမြေ့ကျော်နှင့်ဝန်ထမ်းများက အသိပညာပေး လုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအားအသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေပေးခြင်း၊ မွေးမြူရေး ခြံများသို့ကွင်းဆင်း၍ အသိပညာပေးခြင်း၊ ဝက်ခြံများကို ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ သတ်သားရောင်းချထုတ်လုပ်သော လိုင်စင်ရ သတ် သားဆိုင်များသို့ ကွင်းဆင်းပြီးအသိပညာပေးခြင်း၊ အများပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အသိပညာပေး ဗီနိုင်းများ စိုက်ထူ ထားရှိခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းစဉ်များကို သံတောင်ကြီးမြို့နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ မွေးမြူရေးခြံများတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများမှစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာ ချမ်းမြေ့ကျော်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)