နတ်မောက် ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နတ်မောက်မြို့နယ် သမှုန်းကုန်း ကြီး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော (စားသောက်ကုန်) လက်တွေ့လုပ်ငန်းခွင် သင်တန်း ဆင်းပွဲကို ယနေ့ နံနက် ၉နာရီ က သမှုန်းကုန်းကြီးကျေးရွာ ရန်မျိုးအောင်ကျောင်းတိုက်တွင် ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးဝင်းဗိုလ် က (CERP) အစီအစဉ် အရ စီးပွားရေးလုပ်ငန်းတွေ မလုပ်နိုင်၍ အသွားအလာကန့်သတ်ထားတဲ့ အတွက် ကြောင့် ဝင်ငွေလျော့နည်းမှုဖြစ်လာတယ်၊ ကျေးလက်နေပြည်သူတွေလည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ် ငန်းတွေ လုပ်ကိုင်နိုင်အောင် တန်းဖိုးမြင့်စားသောက်ကုန် လက်တွေ့သင်တန်းတွေကို ယခုလိုကျင်းပပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဦးဆန်းဦးမှ သင်တန်းဖွင့်လှစ်ပေးသည့် အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဖွင့်လှစ်သော (စားသောက်ကုန်) လက်တွေ့ လုပ်ငန်းခွင် သင်တန်းတွင် တက်ရောက်ခဲ့သည့် သင်တန်းသူ (၃၀)ဦးအား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ပြီး သင်တန်း သူများပြု လုပ်ထားသည့် ဖျော်ရည်အမျိုးမျိုးနှင့် ယိုအမျိုးမျိုးတို့ကို တိုင်း ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို ဩဂုတ် ၆ ရက်နေ့မှ ၁၁ ရက် နေ့အထိ သင်တန်းနည်းပြဆရာမ(၂)ဦးဖြင့် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)