သာယာဝတီမြို့နယ်တွင် မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာယာဝတီ သြဂုတ်  ၁၁

လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့် တာဝန်ရှိသူ များသည် သာယာဝတီမြို့နယ်အတွင်း  မြစ်မခရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်၁၀ နာရီကပြုလုပ်ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် သြဂုတ်လ ၈ရက်နေ့က ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာမှ နေအိမ်(၄)လုံး၊ သြဂုတ်လ ၁၀ရက်နေ့ တွင် ရွှေ့ပြောင်းခဲ့ရသော နေအိမ်(၃)လုံး၊ စုစုပေါင်း နေအိမ်(၇)လုံး၊ လူဦးရေ (၂၈)ဦးအတွက် အိမ်ဆောက် ပစ္စည်း(၇)သိန်းကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၈၈၀၀) ကျပ်၊ စုစုပေါင်း (၇၅၈၈၀) ကျပ်နှင့် နေအိမ်(၇)လုံးအတွက် ပစ္စည်း(၁၁)မျိုးပါပလပ်စတစ်ပုံး (၇)ပုံးတို့အား ဘေးသင့် ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သန့်ဇော်(ပြန်/ဆက်)