နတ်မောက် သြဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှုအစီအစဉ် Cash For Work စီမံကိန်းလုပ်ငန်းများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွားများသို့ ယမန်နေ့ နံနက် (၁၀)နာရီက မကွေးခရိုင် ကျေးလက်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့နယ် ဦးစီးမှူးဦးဝင်းသူရ နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်
ထိုသို့စစ်ဆေးရာတွင်ပထမဦးစွာ ပိတောက်ငုတ်(ရွာကြီး)ကျေးရွာတွင် အလျား (၁၃၀၀) ပေ၊ အကျယ် (၁၂) ပေ၊ထု (၉)လက်မ မြေသားလမ်းခင်းခြင်းလုပ်ငန်းများကိုကြည့်ရှု့စစ်ဆေးရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကိုမြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံအင်ဂျင်နီယာတို့ကရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ကျောင်းကုန်း၊ ဝါးရုံကုန်း၊ ချောင်းနက် ၊မကျိုးချို မြေသားရေကန် တိုးချဲ့ ပြုပြင်ခြင်းလုပ်ငန်း များကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။အဆိုပါလုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးနှင့်အချိန်မီပြီးစီးအောင်မြင်ရေး အတွက် ကျေးရွာ တာဝန်ကျ ဝန်ထမ်း များက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လှဝင်း(နတ်မောက်)