ကံမ ဩဂုတ် ၁၁
မကွေးတို်ငးဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က အသက်(၁၈)နှစ်ပြည့်ပြီးမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့် ရနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ကြရန် မဲစာရင်းများ မှန်ကန်မှုရှိရန် မဲပေးမည့်သူမကျန်ရှိစေရေး ရပ်ကွက် ကျေးရွာ အုပ်ချုပ် ရေးမှူးများနှင့်စာရေးများ အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်မှာကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးကျော်မင်းက လုပ်ငန်းဆိုင်ရာများကိုဆက်လက်ရှင်းလင်းခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ အရာရှိနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးတို့က လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)