ပခုက္ကူ ဩဂုတ် ၁၁
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနောက်ပိုင်း ဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP)ဖြင့် မြိုင်မြို့နယ်လေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကုန်ထုတ်လမ်း၊ ရေပေးရေးနှင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများဆောင် ဆောင်ရွက်မှုအခြေအနေတို့ကို ဩဂုတ်လ ၁၀ရက် နေ့လယ်ပိုင်း တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇင်ထွန်း နှင့်အတူ မြိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း နှင့်တာဝန်ခံ အင်ဂျင်နီယာ ဝန်ထမ်းများလိုက်ပါပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အနောက်ပိုင်းဒေသများ စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြိုင်မြို့နယ်၊ ကျောက်ဆောက် ကျေးရွာတွင် ကုန်ထုတ်လမ်း (၂/၄) မိုင် အောက်ခံမြေ ၉လက်မ ထု(၂)လွှာ ဆောင်ရွက်ထားရှိမှု၊ သမင်ချောက်ကျေးရွာတွင် စက်ရေတွင်းတူးဖော်ပြီးစီးမှုနှင့် ဂါလံ (၂၄၀၀)ဆံ့ ရေစင်တည်ဆောက်မှု၊ ညောင်ပင်သာကျေးရွာတွင် စက်ရေတွင်းတူး ဖော်ခြင်းနှင့် ရေစင်တည်ဆောက်နေမှု၊ အိုရင်းရွာ သစ်ကျေးရွာတွင် စက်ရေတွင်း တူးဖော်ဆောင်ရွက်မှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းစံချိန်စံညွှန်းအတိုင်း ပြည့်မီအောင် ဆောင်ရွက်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ (IFAD) ထောက်ပံ့မှုဖြင့် အနောက်ပိုင်းဒေသများစိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) ကို ပခုက္ကူခရိုင်အတွင်း မြိုင်မြို့နယ်တွင် ကုန်ထုတ်လုပ်ငန်းနှစ်လမ်း၊ ရေပေးရေးလုပ်ငန်း (၁၀)ခု၊ ပေါက်မြို့နယ်တွင် ကုန်ထုတ် လမ်းသုံးလမ်း၊ ရေပေးရေးလုပ်ငန်းနှစ်ခုတို့ကို ခွင့်ပြုရန်ပုံ ငွေကျပ် သန်းပေါင်း (၅၂၇) သန်း ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်ငန်းများအတွက် Well-Set ကုမ္မဏီ နှင့် ရေပေးရေးလုပ်ငန်းများ အတွက် ကောင်းခန့်ကြွယ် ကုမ္မဏီတို့က တာဝန်ယူဆောင်ရွက်ကြကြောင်းသိရသည်။
ဆလိုင်းကိုကီး