မြို့သစ် သြဂုတ် ၁၁
၂၀၂၀ ပြည့်နှစ် ၊ မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင် စာရင်းများကို (၉.၈.၂၀၂၀) ရက်နေ့ တနင်္ဂနွေနေ့ နံနက်က Online မှ ထုတ်ပြန်ကြေညာခဲ့ရာ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်မှ (၁၄၀၂)ဦး ဖြေဆို အောင်မြင် ပြီး ရာခိုင်နှုန်းအားဖြင့် ၃၈ဒဿမ ၅၁ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၃၆၄၁ )ဦးရှိ ပြီး (၁၄၀၂)ဦး အောင်မြင်ကာ ဂုဏ်ထူးရရှိသူ (၅)ဘာသာ (၄)ဦး ၊ (၄)ဘာသာ (၁၁) ဦး ၊ (၃)ဘာသာ (၁၅)ဦး ၊ (၂)ဘာသာ (၄၀)ဦး ၊(၁)ဘာသာ (၂၁၆)ဦးရှိပြီး စုစုပေါင်းဂုဏ်ထူးရကျောင်းသား/ကျောင်းသူ (၂၈၆) ဦးရှိကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန် / ဆက် )