လက်ပံတန်းမြို့နယ်တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့ ပေးအပ်

လက်ပံတန်း ဩဂုတ် ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဩဂုတ်လ ၇ ရက်နေ့က မြစ်မခမြစ်ရေ တိုက်စား ပြီး ကမ်းပြိုမှုကြောင့် လက်ပံတန်းမြို့နယ်၊ မြင်ကဝ ကျေးရွာအုပ်စု၊ မြင်ကဝကျေးရွာ၌ ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့အိမ်(၇)လုံးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့သည်။

ထောက်ပံ့ပေးအပ်ရာတွင် ပြောင်းရွှေ့အိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇)သိန်းကျပ်၊ လူဦးရေ (၃၂)ဦး အတွက် ဆန်ဖိုး(၆၇၂၀၀/-)ကျပ်၊ စုစုပေါင်း (၇၆၇၂၀၀-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၁)မျိုး ပါ (၇) အိမ်ထောင်စာတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသူ၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ဝင့်နန္ဒာဌေးတို့က ဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။

ဝင့်နန္ဒာဌေး