အထက်မင်းလှ ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိူး သူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်းကျင်းပသည့် စာရေးဆရာဖေမြင့်၏ အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာစာပေချစ်မြတ်နိုးသူများအသင်း နာယကစာရေးဆရာတောသားကြီးလူနိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဇာဇာငြိမ်းက စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့် တစ်ဦးရင်းနှီးမှုရှိ စေရန်၊အဖွဲ့အစည်းများနှင့်ပူး ပေါင်း ဆောင်ရွက်တတ်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိလာ စေရန် ရည်ရွယ်၍စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာ ဖေမြင့်၏ အပြောင်မြောက်ဆုံးဘဝတစ်ခုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ကျင်းပပြု လုပ်ရာ စာပချစ်မြတ်နိုးသူများအသင်းဥက္ကဌ ဦးတင်အောင်ဝင်း(ရဲသွေးနီ၊တမာမြေ)၊စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ.ဝင် ဦးခင်မောင်မြင့်(ကာတွန်းဆရာတာတူးလေး)နှင့်ဦးဇင်မင်းထွန်း(စင်ကြယ်၊လင်းကယ်)တို့က စာအုပ်တွင်ပါဝင်သည့် အကြောင်း အရာများ ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူမျာအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာပေဝါသနာရှင် စာဖတ် ပရိတ် သတ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)