ပုဇွန်တောင် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူကျောင်းများတွင် သင်ကြားပို့ချလျက် ရှိ သော ဆရာ/မ များအား PPE ဝတ်စုံဝတ်နည်းနှင့် ပိုးသတ်ဆေးဖျော်စပ်နည်းသင်တန်းကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က အ.ထ.က (၂) ပုဇွန်တောင်ကျောင်းတွင် သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။
အဆိုပါသင်တန်းကို ကျောင်းများ၌ Covid-19 ရောဂါကာကွယ်ရာတွင် PPE ဝတ်စုံကို စနစ်တကျ ဝတ်ဆင်တတ်စေရန်နှင့် ပိုးသတ်ဆေးကို စနစ်တကျဖျော်စပ်တတ်စေရန် ရည်ရွယ်၍ ထက်၊ လယ်၊ မူကျောင်းများတွင် သင်ကြားပို့ချလျက်ရှိသော ဆရာ/မ(၂၀)ဦးအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးက သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။
နေခြည်(ပြန်/ဆက်)