မိုးညိုတွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ နေအိမ်များနှင့် မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအား သွားရောက်ထောက်ပံ့

မိုးညို    သြဂုတ် ၁၁

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှုးရုံးမှ ဝန်ထမ်းများကပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကျေးရွာများမှ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့ခဲ့ရသော နေအိမ်ရှိမိသား စုဝင်များနှင့် ဧရာဝတီမြစ်ရေဝင် ရောက်မှု ကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စုများအားယမန်နေ့က သွားရောက်ထောက်ပံ့ခဲ့သည်။     

ထိုသို့သွားရောက် ထောက်ပံ့ရာတွင် အိုးဘိုကျွန်းကျေးရွာအုပ်စု၊ အိုးဘိုကျွန်းကျေးရွာ၊ ရွှေသောင်ပိုင်းတွင် ယခုလ(၇/၈/၉) ရက်နေ့များတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးမှကြိုတင် ပြောင်းရွှေ့နေ အိမ်(၅)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု (၅)စုရှိလူဦး ရေ(၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၄၂၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၅၄၂၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး(၅) အိမ်ထောင်စာ အား နံနက် ၁၁ နာရီခွဲ အချိန်တွင် ကျေးရွာအရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။        

ဆက်လက်၍ ထန်းပင်ကုန်း ကျေးရွာ အုပ်စု၊ကျေးရွာ(၃)ရွာတို့တွင် ယခုလ(၇)ရက်နေ့၌ ဧရာဝတီမြစ်ရေဝင် ရောက်မှု ကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ထောင်စု(၁၀)စု မှလူဦးရေ(၃၉)ဦး အတွက်ဆန် ရိက္ခာဖိုး(၇)ရက်စာ ဖိုးထောက်ပံ့ငွေ (၈၁၉၀၀) ကျပ်၊ အိမ်ထောင်စု(၁၀)စုအတွက် ဆပ်ပြာ(၁၀) တောင့်နှင့် လူဦးရေ(၃၉)ဦး အတွက် (၁)ဦးလျှင် Surgical Mask (၂) ခုနှုန်းဖြင့်(၇၈)ခုတို့ အားမွန်းလွဲ ၁ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အတူကျေးရွာများ အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

ကိုမင်း(မိုးညို)