သာကေတမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့်ဆောင်ရွက်

သာကေတ     ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင်ဖြစ်ပွားတတ်သော သွေးလွန် တုပ်ကွေး ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်အလိုက်အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ပြည်သူများအား သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့ နံနက်()နာရီ၌ အနော်မာရပ်ကွက်၌ ဆောင်ရွက်ခဲ့ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် အဖွဲ့ဝင်များပူးပေါင်း၍ ရေစည်များ၊ ပန်းအိုးများ၊ ရေဝပ်ရာရေအိုး၊ ရေခွက်များတွင် ပိုးလောက်လန်းများ ပေါက်ဖွားနိုင်သဖြင့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုဘုန်း(ပြန်/ဆက်)