ဝေါမြို့နယ်တွင် ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ဖွင့်လှစ်နိုင်ရေး ရဲတပ်ဖွဲ့ဝင်များ ကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်


ဝေါ    သြဂုတ်   ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်စံပြကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်း (ခွဲ)ဖွင့်လှစ် နိုင်ရေး ရဲတပ်ဖွဲ့ဝင်များကျောင်းသန့်ရှင်းရေး စုပေါင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ ၁၂ရက်နေ့ နံနက် ၇ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ ဝေါမြို့နယ်ညောင်ခါးရှည်စံပြ ကျေးရွာတွင်ရှိသော အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား Covit-19 ရောဂါထိန်းချုပ်ကာကွယ်ရေးသတ်မှတ်စံညွှန်းများနဲ့အညီပြန်လည်ဖွင့်လှစ် နိုင်ရန်အတွက် ကျောင်းအုပ်ဆရာကြီး ဦးတင်သိန်းဦး နှင့် ဆရာဆရာမများ၊ ညောင်ခါးရှည်နယ်မြေစခန်းမှူး ရဲအုပ်ကိုကိုဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျောင်းပြင်နှင့်ကျောင်းတွင်းရှိချုံနွယ်ပိတ် ပေါင်းနှင့်မြက်များ အမှိုက်များအား ခုတ်ထွင်ရှင်းလင်း မီးရှို့ခြင်းဖြင့် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အခြေခံပညာ အလယ်တန်းကျောင်းများအား ကိုဗစ်-၁၉ကာကွယ်ရေးနှင့်ကြိုတင်ပြင်ဆင်မှု အဆင့်(A) ရရှိသည့် ကျောင်းများအားပြန်လည်ဖွင့်လှစ် ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)