ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာနှစ်ရွာအား ကိုဗစ်-၁၉ ကာလ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီရန်ပုံငွေများထုတ်ချေးပေး

ပေါက်ခေါင်း   ဩဂုတ်   ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသော ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာနှစ်ရွာအားရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်း က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကျေးရွာများဖြစ်သော သိုက်ကျင်းမကျေးရွာနှင့် လေးကြီး ကျေးရွာတို့အတွက် တစ်ရွာလျင် ကျပ်သိန်း(၃၀၀)စီကို ကိုဗစ်-၁၉ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေ ဖြင့်နိုင်ငံတော်မှချမှတ်ထားသော ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေ(VRFP)စီမံကိန်းကို ကျေးရွာ()ရွာ တွင် အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)