မော်လမြိုင်မြို့ အမှတ် (၁) ဈေးကြီးအား ပိုးသန့်စင် ဆေးပက်ဖျန်း

မော်လမြိုင်  မတ် ၂၅

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှုလုပ်ငန်းအဖြစ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီးအား ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသော Bleaching Powder 35% (Calcium Hypo Chlorite) ပိုးသန့်စင်ဆေး ပက်ဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ညနေပိုင်းက မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ဦးဆောင်ကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဈေးတာဝန်ခံများတို့မှ  မီးသတ်ယာဉ်များ၊ HNE ကျောလွယ်ပုံးများဖြင့် စုပေါင်းပက်ဖျန်းခဲ့ကြောင်း သိရသည်။

ဝေလင်း(ပြန်/ဆက်)