ပေါင်းတည် သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် သိမ်ကြီးရပ် ဒေသသမိုင်းဝင် မင်းလက်ဝဲစေတီတော်မြတ်ကြီး တည်ထား ကိုးကွယ်တော်မူရာဒေသ အနီးရှိပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် သာသနာ့ အကျိုးတော် ဆောင်ပုဂ္ဂိုလ်များ က လူငယ်လေးများကို စုစည်း၍ ဥပုသ်နေ့ တိုင်းကောင်းမှုကုသိုလ်များပြု လုပ်ရန်ယမန်နေ့ဥပုသ်နေ့အာရုဏ်မတက်မီ ကပင်လိုက်လံနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
အဆိုပါလူငယ်များ အဖွဲ့သည် ဝါတွင်း(၃)လအတွင်း ဥပုသ်နေ့ရောက်တိုင်း နံနက်၃နာရီမှစတင်၍ စုရပ်နေရာဖြစ်သည့် နွယ်ချို(၂) ရပ်ကွက် ၂၃လမ်းရှိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့်အေး စေတီတော် မြတ်ကြီး၏ ဓမ္မာရုံအတွင်း၌သာသနာ့ အကျိုးတော် ဆောင်လူငယ်လေးများက ရှေးဦးစွာနမောတဿသုံး ကြိမ်ရွတ်ဆိုဘုရားကန်တော့ကြပြီး ငါးပါးသီလခံယူ ဆောက်တည်ကြကာ ဓမ္မာရုံမှစတင်၍ မြို့ပေါ်ရပ် ကွက်များရှိ လမ်းများအသီးသီးသို့ အဖွဲ့များခွဲကာ ရှေ့ဆုံးမှကြေးစည် များ တီးခတ်ကြပြီး လင်းအရုဏ်တက်မင်္ဂလာ အချိန်ကြရောက်ပြီဖြစ်ပါ၍ အိပ်ရာမှနိုးထတော်မူကြပါရန် သူတော် ကောင်း အပေါင်းတို့အား လိုက်လံနှိုးဆော်ကြပြီးယနေ့သည် ဗုဒ္ဓဘာသာဝင်သူတော်စင် အပေါင်းတို့၏ ဝါတွင်း ကာလ ဥပုသ်နေ့ ဖြစ်ပါကြောင်း ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားပန်း ရေချမ်းဆီမီး ဆွမ်းအစရှိသည့် လှူဖွယ်ပစ္စည်းများကို ကပ်လှူပူဇော်နိင်ရန်နှင့်သံဃာတော် အရှင်သူမြတ်တို့အား အာရုဏ် ဆွမ်းများ လောင်းလှူနိင်ရေးအတွက် ဆွမ်းထချက်ရန် နှိုးဆော်ပေးခြင်း ဥပုသ်သီလဆောက် တည်ကြရန် နှိုးဆော်ပေးခြင်း ပရိတ်ပဌာန်းများ ရွတ်ဖတ်ပူဇော်ကြရန်နှိုးဆော် ပေးခြင်းနှင့် ကောင်းမှုအစုစုပြု နိုင်ပါစေခြင်းအလို့ငှာ လိုက်လံနှိုးဆော်ခြင်းကို သံပြိုင်ရွတ်ဆို၍ ကုသိုလ်ပြုဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလိုက်လံနှိုးဆော်ခြင်းကို ရှေးခေတ်အဆက်ဆက်က ဘိုးဘွားများဖြစ်ကြသည့် ဦးဉာဏ်လေး ဦးလှငွေ၊ ဦးဝမ်း၊ ဦးတင်မြင့်နှင့်ဘကြီးရှိန်တို့၏ ခေတ်များကပင်ဆောင်ရွက်ခဲ့ကြသည့် နည်းနာများကို ယူကာယ ခင်အလေ့အထများမပျောက်ပျက်စေရန် အစဥ်အလာများအတိုင်း မျိုးဆက်သစ်လူငယ်များက လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက် ဆောင်လျက်ရှိကြောင်း ဦးဆောင်သူကိုအောင်ဆန်းက ပြောကြားသည်။
တင်ဝင်းဇော်(မင်းသားကြီး)ပေါင်းတည်