ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်​ ထိန်းချုပ်နိုင်​ရေး အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်

ကျိုက်မ​ရော  မတ် ၂၅

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်​ထိန်းချုပ်နိုင်ရေး အသိပညာ​ပေး လုပ်ငန်းများကို ယ​နေ့နံနက် ၉ နာရီက လူစည်ကားဆုံး​နေရာများဖြစ်သည့် ဆု​တောင်းပြည့် ဘုရားကြီး​ရှေ့နှင့် မြို့မစျေးကြီး​၌ ပြုလုပ်ခဲ့သည်။ အသိပညာပေးပွဲတွင် မြို့မစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာ​ရေးဝန်ထမ်းများ လူမှု​ရေးအသင်းအဖွဲ့များ၊​ ရှေ့သို့ချီ ပရဟိတ အဖွဲ့များက ​ရောဂါကာကွယ်​ရေးအတွက် စနစ်တကျလက်​ဆေးခြင်းနှင့် လက်​ဆေးခြင်း၏အကျိုး​​ကျေးဇူးများ၊​ ရောဂါကုသခြင်းထက် ကာကွယ်ခြင်းက ပိုမိုထိ​ရောက်ပုံကို အသိပညာ​ပေးလက်ကမ်းများ ဖြန့်​​​ဝေ​ပေးခြင်းနှင့် လက်သန့်​ဆေးဘူးများအား ခရီးသွားပြည်သူများနှင့် ဘုရားဖူးလာ ပြည်သူများထံ အခမဲ့ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။


ချိုမြတ်မြတ်​ထွေး (ကျိုက်မ​ရော)