မှော်ဘီ ဩဂုတ် ၁၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်း ကိုဗစ် -၁၉ ကာကွယ်ထိန်းချုပ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေနှင့် တာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ (၄၃)အုပ်စုရှိအိမ်ထောင်စု (၁၆၁၄၆) အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၂၂၉,၂၀၀၀၀)ကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ နေအိမ်သို့ လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)