ချောင်းဆုံ မတ် ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ တွေ့ရှိ လာပါက ကြိုတင် ပြင်ဆင်မှုများအနေဖြင့် ဆောင်ရွက်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တွင် ယနေ့ နံနက်(၁၀)နာရီက ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်း နှင့်ပတ်သက်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်ကြည်ကြည်မြ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့နှင့် တာဝန်ရှိသူများက ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးရာတွင် ကျေးရွာများ၌ နယ်မြေရပ်ခြားမှ ပြန်ရောက်လာသူများတွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ အမြန်ဆုံးအကြောင်းကြားကြရန်၊ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားမှု တွေ့ရှိ လာပါက ကျန်းမာရေးဌာနသို့ လာရောက်ပြီး ကုသမှုခံယူရန်နှင့် မြို့နယ်ဆေးရုံတွင် လူနာကုတင်များ ပြင်ဆင်ထားရှိမှု အခြေအနေ၊ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ကျန်းမားရေးဝန်ထမ်းများနှင့် ကျေးလက် ကျန်းမာရေးဌာနများ ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြို့အဝင်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အတွင်း အပူချိန် တိုင်းကိရိယာများဖြင့် စစ်ဆေးနိုင်ရန် ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)