ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကမမောင်း ၊ မတ် ၂၄
        

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့​ပေါ်ရပ်ကွက်နှင့်​ကျေးရွာများအတွင်း လူအများမြင်သာသော​နေရာများ၌ ယနေ့မနက်(၉)နာရီအချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ပြည်သူလူထု ကျယ်ပြန့်စွာသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက်(၂၅ပေ×၈ပေ)အရွယ် အသိပညာ​ပေးမြေစိုက်နံရံကပ်ဘုတ် တစ်ခုကိုမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့စည်ပင်သာယာရေးအဖွဲ့တို့ကပူးပေါင်းစိုက်ထူခဲ့ကြသည်။

ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ဒေသခံတိုင်းရင်းသားပြည်သူများသို့ ကိုရိုနာဗိုင်းရပ်စ်​ရောဂါကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက်အသိပေး ကြေညာချက်လက်ကမ်း​စာစောင်များကို မြို့အုပ်ရေးမှူးဦးအောင်မျိုးသန့်နှင့် ရပ်/ကျေးအုပ်ချုပ်ရေး အဖွဲ့များ၊ဌာနဆိုင်ရာဝန်ထမ်းများက ဒေသခံပြည်သူများကို ပေးဝေခဲ့ကြသည်။ ပြည်နယ်အစိုးရအဖွဲ့၏ အသိပညာပေးကြေညာချက်ဗွီနိုင်းအချပ်(၂၀)ကို ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူအများတွေ့မြင်နိုင်သော နေရာများ၌ ဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်းပြီးသွားရောက်ကပ်ပေးခဲ့ကြကြောင်းသိရှိရသည်။
                                                            

လင်းသန့်(ပြန်/ဆက်)