အောင်လံ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန် ကြေညာ ထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာ နိုင်ရန် အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့တွင် နံရံကပ်စာစောင်ပြုလုပ်၍ ဩဂုတ် လဆန်းပိုင်းမှ စတင် ကာ နေ့စဉ်ခင်းကျင်းပြသထား ကြောင်းသိရသည်။
အဆိုပါနံရံကပ်စာစောင်တွင် မဲဆန္ဒရှင်စာရင်ကပ်ထားသည့်နေရာများ၊ သွားရောက်စစ်ဆေးပါ၊ မဲဆန္ဒရှင် စာရင်း နှင့် စပ်လျဉ်း၍ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက် စသည်တို့အပြင် သိသင့်သိထိုက် သည်များကို ဖော်ပြထားပြီး မည်သူမဆိုလေ့လာ ကြည့်ရှုနိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)