ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်၊ ရေမြောင်း အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက် ဖွားမှု မရှိစေရန် ရည်ရွယ်၍ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်စေရန် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူ များသည် တောင်သူကုန်းရပ်ကွက်၊ နိဗ္ဗာန်လမ်းနှင့် သိပ္ပံလမ်းဆုံရှိ ကိုယ်ထူကိုယ်ထ လမ်း ဖြတ်အုတ်ရေမြောင်း(Box Culvert)များ ပြုလုပ်ဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက်၍ မြောင်းဖုံးအုပ်ရာတွင် ကူညီဆောင်ရွက်နေသော အလှူရှင်များ၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လမ်းသူလမ်းသားများ၊ ပရဟိတလုပ်သားများနှင့်အတူ တွေ့ဆုံ၍ ကျေးဇူတင် စကား ပြောကြားခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)