ချောင်းဆုံ ဩဂုတ် ၁၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိခင်မှသန္ဓေသားသို့ HIV/AIDS ရောဂါကာကွယ်မှုနှင့် ကာကွယ်ရေးလုပ်ငန်းများ ပြန်လည် သုံးသပ်ဆန်းစစ်ခြင်းဆွေးနွေးပွဲ (Township Review Meeting for PMC)ကို ယနေ့ နံနက် (၉)နာရီ အချိန်က မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မိခင်မှ သန္ဓေသားသို့ HIV ရောဂါပိုးကူးစက်နိုင်သည့်နည်းလမ်းများ၊ HIVရောဂါပိုး ကူးစက်ခံရသူ များအား ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် ပြုစုစောင့်ရှောက်မှု လုပ်ငန်းစဉ်များ စသည့်အကြောင်းများကို (ပြည်နယ် STD/HIV) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းသူ ကဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲသို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေး မှူးများနှင့် သားဖွားဆရာမ (၄၀)ဦးတက်ရောက်ကြပြီး ဆွေးနွေးပွဲကို(၂)ရက်ကြာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထူးအိမ်(ပြန်/ဆက်)