ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သုတရသကဏ္ဍမှ ကျန်းမာရေးဗဟုသုတရရှိစေရန်Online မှတစ်ဆင့် ဖတ်ပြဆွေးနွေခြင်းကို ပြသဆောင်ရွက်

ဒဂုံမြောက် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် Covid-19 ကာလ စာကြည့်တိုက် သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင် ကလေးငယ်များအတွက် ပုံပြောပြခြင်းအစီအစဉ်၊ ရောင်စုံ စက္ကူဖြင့် အရုပ်ခေါက်နည်းများ ပြသခြင်းတို့ကို တစ်ပတ်တစ်ကြိမ်၊ သုတရသကဏ္ဍကို တစ်လ တစ်ကြိမ် Online မှ တစ်ဆင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် ပြသ ဆောင်ရွက်လျက် ရှိပါသည်။

ထို့သို့ Online မှ တစ်ဆင့် ပြသဆောင်ရွက်ရာတွင် ဩဂုတ် ၁၂ ရက်နေ့ နေ့လယ် ၁ နာရီက တောင်ဥက္ကလာပမြို့နယ်၊ စာရေးဆရာအသင်းမှ စာရေးဆရာမပေါက်ပေါက်က အတွဲ၁၇၊ အမှတ်-၁၅ ဒို့ကျေးရွာစာစောင်၊ ကျန်းမာရေးကဏ္ဍတွင် ပါရှိသော "မိုးရာသီ ရင်သွေးငယ် များ ကျန်းမာရေး" ဆောင်းပါးအား သားငယ်သမီးငယ်များရှိသည့် မိဘများအတွက် ကျန်းမာရေး ဗဟုသုတ ရရှိစေရန် ဖတ်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)