မုဒုံသြဂုတ်၁၃
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူး ချေးငွေ အနေဖြင့် တောင်သူဦးရေ(၂၆၁၁)ဦးအားငွေကျပ်သိန်း (၁၀၀၅၅)သိန်း ထုတ်ချေး ပြီးဖြစ် ကြောင်းသိရသည်။
မုဒုံမြို့နယ်တွင်တောင်သူများအား ကိုဗစ်-၁၉အထူးချေးငွေများ ထုတ်ချေးမှုနှင့် ပတ်သက်၍ မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာဦးယဉ်ဌေးက “မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ အပြင် ကိုဗစ်-၁၉အထူးချေးငွေကိုနိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ကြောင့် တောင်သူများအားလယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင်အဆင်ပြေစေရန် အတွက် လယ်ယာ တစ်ဧက လျှင်ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့်ဇွန်လ(၃၀)ရက်နေ့မှစတင်၍ ထုတ်ချေးခဲ့ရာ ကျေးရွာ အုပ်စု (၃၈) အုပ်စုမှ တောင်သူဦးရေ(၂၆၁၁)ဦးအား လယ်ဧက(၂၀၁၁၀) ဧကအတွက်ချေးငွေ ကျပ်သိန်း ပေါင်း(၁၀၀၅၅)သိန်းကိုထုတ်ချေးပြီးဖြစ်ပါတယ်”ဟုပြောသည်။
အဆိုပါ အထူးချေးငွေများကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တောင်သူ များ အနေဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာတွင်ပိုမို အဆင်ပြေစေရန် အတွက် စိုက်ပျိုးစရိတ်အပိုဆောင်းချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ခြင်းဖြစ်ကြောင်းမုဒုံမြို့နယ် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှသိရသည်။
အောင်မျိုးသူ(မုဒုံ)