ကျောက်ကြီး ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင် များကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား မဲဆန္ဒရှင်စာရင်းတွင် အမည်မပါဝင် ပါက ဆောင်ရွက်ရမည့် အချက်များနှင့် မပါဝင်သင့်သည့်သူ ပါဝင်နေပါက ဆောင်ရွက်ရမည့် အချက်များ အစရှိသည်တို့ကို ထည့်သွင်း ဖော်ပြထားကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်နှင့် ပိုစတာများကို ရပ်ကွက်/ကျေးရွာများရှိ လူစည်ကားရာနေရာများတွင် ကပ်ပေးခြင်း မြို့နယ်စည်ပင် သာယာ စျေး၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့နှင့် ဆိပ်ကြီးတာဆုံလမ်းများတွင် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
K ခိုင် ပြန်/ဆက်