ရေဦး ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီးရေဦးမြို့တွင် နိုင်ငံတော်အစီအစဉ်ဖြင့် အခြေခံစားကုန်ပစ္စည်းငါးမျိုးဖြန့် ဝေရရှိပြီး အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ ထောက်ပံ့ငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ပြည်သု့လွှတ်တော်ကိုယ်စား ဒေါက်တာမင်းသိန်း၊ မြို့နယ်စီမံခန့် ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးညွန့်၀င်း၊ လူ၀င်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဦးမျိုးမြင့်ဦး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းခိုင်တို့က ရပ်ကွက်ကျေး ရွာအုပ်စု (၆၇) အုပ်စုရှိ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သေင်း နှုန်းဖြင့် အိမ်ထောင်စုပေါင်း ၁၁၉၀၆ အတွက် စုစုပေါင်း ထောက်ပံ့ ငွေကျပ် ၂ ၃၈၁ သိန်း ၂၀၀၀၀ ကျပ် ကိုရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးများထံ ထုတ်ပေးခဲ့ သည်။
အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနတာ၀န်ရှိသူများမှ အိမ်ထောင်စုများသို့ အချိန်နှင့်တပြေးညီ ဆက်လက်ထောက်ပံ့ပေးကြရမည်ဖြစ်ပြီးထောက် ပံ့ပေးပြီးကြောင်း စာရင်းဇယားများကို ဩဂုတ် ၁၇ ရက်နေ့အရောက် ပြန်လည်ပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်း ( ပြန်/ဆက် )