ကလေးဝမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၀၈၆ စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်

ကလေးဝ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ ပါဝင်သောကော်မတီအဖွဲ့သို့ လွှဲပြောင်းပေး အပ်ခဲ့သည်။

ကလေးဝမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၃၃ အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင်စု ၂၀၈၆ စုအား အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ မည်ဖြစ်သည်။

မြို့နယ်စီမံခန့်ခွဲ မှုကော်မတီ ဥက္ကဋ္ဌဦးဇော်လင်း၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင် ရာတာဝန်ရှိအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၃၀ မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ် ထောင်စု ၂၀၈၆ စုအား အိမ်တိုင်ရာ‌ရောက် ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)