ရန်ကုန် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အိမ်ထောင်စု (၁၈၄၈၁)စုအတွက် တစ်စုလျှင်ငွေကျပ်(၂)သောင်းစီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ သည်။
ပေးအပ်ရာတွင် မင်္ဂလာဒုံမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာ(၃၂)အုပ်စုရှိ အိမ်ထောင်စု (၁၈၄၈၁)စု အတွက် အိမ်ထောင်စု တစ်စု လျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၆၉၆၂ဝဝဝဝိ/-)ကို ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်၌ ရပ်ကွက်၊ကျေးရွာ(၃၂)အုပ်စုရှိ အိမ်ထောင်စုများအား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား အိမ်တိုင်ရာရောက် စတင်ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော အိမ်ထောင်စုများအား ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူး များက တစ်အိမ်ထောင်လျှင်(၂)သောင်းကျပ်နှုန်းဖြင့် လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်သွားကြောင်း သိရသည်။
ဇွဲထက်ကို၊ ဇင်ငြိမ်းအိ (ပြန်/ဆက်)