ရွှေတောင် သြဂုတ် ၁၃
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဇူလိုင် ၁၄ ရက်မှ သြဂုတ် ၄ ရက်နေ့ထိ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရပ်ကွက်(၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုတို့တွင် အိမ်ခြေ(၁၈၅)အိမ်၊ အိမ်ထောင်စု(၁၈၇)စု လူဦးရေ(၇၁၈)ဦးတို့မှာ ရေဘေး လွတ်ရာ နေရာများသို့ ပြောင်းရွေ့နေထိုင် ခဲ့ကြရကြောင်း သိရသည်။
ပြောင်းရွေ့နေထိုင်သူများအနက် ကြာနီကန်ရပ်ကွက်ရှိ အိမ်ခြေ(၄၇)အိမ်၊ အိမ်ထောင်စု(၄၉)စု လူဦးရေ(၁၇၉)ဦးတို့မှာ ဧရာဝတီမြစ်ရေ လျော့နည်းလာ၍မိမိတို့၏ နေအိမ်များသို့ ယမန်နေ့က ပြန်လည်ပြောင်းရွေ့ နေထိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြန်လည်ပြောင်းရွေ့နေအိမ်များနှင့် ခေတ္တယာယီစခန်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များ ပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်း၊ ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)