မုဒုံ မတ် ၂၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာဈေးတွင် ယနေ့ နံနက် ၈နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လူငယ်များ စုပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်မှုတို့တွင် ကျေးရွာနေပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အကြောင်း သိရှိစေရန်၊ ကာကွယ်နိုင်ရန်နည်းလမ်းများ သိရှိစေရန် ရည်ရွယ်၍ ကျန်းမာရေး ဝန်ထမ်းများက အသိပညာပေး ရှင်းလင်းပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခြင်းနှင့် လက်သန့် ဆေးများကို အခမဲ့ ပေးဝေခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)