စပါးအထွက်တိုးရန် ချမ်းမြေ့ဇေယျာကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းသော တောင်သူများအား စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်

မင်းလှ ဩဂုတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွှေဝါမြိုင်အုပ်စု၊ ရွှေဝါမြိုင်ကျေးရွာအနီး တောင်သူ ဦးရွှေညာ၏ ချမ်းမြေ့မေ မိုးစပါးစိုက်ကွင်းနေရာ၌ ယနေ့ နံနက် ၁၁ နာရီချိန်က ချမ်းမြေ့ဇေယျာကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းသောတောင်သူများအား စိုက်ပျိုးစရိတ်များ‌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချမ်းမြေ့ဇေယျာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တောင်သူများအားတွေ့ဆုံ၍ စိုက်ပျိုးနည်းပညာများကို တိုးတတ်အောင် တောင်သူများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်ဆောင်ရွက်ရန်၊ တောင်သူများအတွက် အစိုးရအဖွဲ့နေဖြင့် စပါးစိုက်ပျိုးရန်အတွက် လိုအပ်သော အကူအညီများကို ကူညီပံပိုးပေးသွားမည် ဖြစ်ကြောင်း‌ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ချမ်းမြေ့ဇေယျာကုမ္ပဏီဥက္ကဌ ဦးကျော်ဝင်းမှ ၂၀၂၁ ခုနှစ်၊ မိုးစပါးအတွက် အကျိုးတူ လယ်ယာစီးပွား ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန် ကြီးချုပ်သည် ချမ်းမြေ့ဇေယျာကုမ္ပဏီက  စပါးအထွက်တိုးရန် အကျိုးတူလယ်ယာစီးပွား ပူးပေါင်းဆောင်ရွက်သော သာယာဝတီခရိုင်အတွင်းရှိ တောင်သူများ၏ ဧက ပေါင်း ၁၀,၃၆၀ ဧကကို တစ်ဧကလျင် ၃၀,၀၀၀/- ကျပ် နူန်းဖြင့်‌ ထောက် ပံ့ပေးအပ်သော ငွေကျပ်သိန်းပေါင်း (၃,၁၀၈)သိန်းကျပ်အား  တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ