ကော့မှူး ဩဂုတ် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်သည့် ဒုတိယအကြိမ် ထောက်ပံ့ငွေများအား အိမ်တိုင်ရာ ရောက် ပေးအပ်နိုင်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာ ရီက မြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးထက်ဝင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို မိမိတို့ ကျေးရွာ ရောက်ရှိပါက အခြေခံ လူတန်းစားများ လက်ဝယ်အရောက် အမြန်ထုတ်ပေးဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များနှင့် ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ်အုပ်ချူပ်ရေးမှူးဦးထက်ဝင်းနှင့် တာဝန်ရှိသူများကမြို့နယ်အတွင်း ပုံမှန်ဝင်ငွေ မရှိသောအိမ်ထောင်စု(၂၅၀၄၂)စုအတွက် ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၂၀၀၀၀) ကျပ်နှူန်းဖြင့် စုစုပေါင်းငွေကျပ် (၅၀၀၈၄၀၀၀၀) အားရပ်ကွက်/ကျေးရွာ(၆၂)အုပ်စုမှ ရပ်/ကျေး အုပ်ချူပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအား ရပ်ကွက်အုပ်ချူပ်ရေးမှူးများနှင့်အတူ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)