သံတောင်ကြီး မတ် ၂၃
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ရှိ ဟိုတယ် ၊ တည်းခိုခန်းများတွင် နိုင်ငံခြားသားများ တည်းခိုနေထိုင်ခြင်း ရှိ/မရှိကို ယနေ့ နံနက်ပိုင်း အချိန်က သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းစိန်က ယခုကဲ့သို့ လိုက်လံစစ်ဆေးခြင်းမှာ ကမ္ဘာ့အနှံ့တွင် ပျံ့နှံ့လျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးအတွက် လာရောက်စစ်ဆေးရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မကူးစက်စေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ဟိုတယ်တည်းခိုခန်းပိုင်ရှင်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ ထူးခြားမှုရှိပါကလည်း သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဟိုတယ်နှင့်တည်းခိုခန်းများသို့ သွားရောက်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဝင်းစိန်နှင့် သံတောင်ကြီးမြို့မ ရဲစခန်းမှူး ဒုရဲမှူးကြည်ခိုင်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဒုလဝကမှူး နော်ဘလယ်ထူး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆောင်ရန်၊ ရှောင်ရန်များအား တည်းခိုခန်း ပိုင်ရှင်များအား ရှင်းလင်းပြောကြား ပေးခဲ့ကြောင်း သိရသည်။
Holy (ပြန်/ဆက်)