ဒဂုံ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးဌာနမှ ယောမင်းကြီးရပ်ကွက် အတွင်းပြည်သူများ မိုးရာသီ ကာလများ၌ ဖြစ်ပေါ်တတ်သော လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် မြို့တော်အင်္ဂါရပ်နှင့် အညီသန့်ရှင်းသာ ယာလှပစေရေးအတွက် လမ်းဓါတ်တိုင် မီးလုံးများ အသစ်အစားထိုး လဲလှယ်တပ်ဆင်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၏ ဦးဆောင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တပ်ဆင်ဆောင်ရွက်ပေးရာတွင်ယောမင်းကြီး ရပ်ကွက်အတွင်းရှိ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးလမ်း၊ နဝဒေးလမ်းတစ်လျှောက် လမ်း ဓါတ်တိုင်များမှ ချို့ယွင်းမီးလုံးနေရာတွင် အစားထိုးအသစ်လဲလှယ် တပ်ဆင်ခဲ့ကြောင်းသိရသည်။ ယင်းသို့တပ်ဆင်ပေးခြင်းအားဖြင့် မြို့နေ ပြည်သူများ၊ ခရီးသွားသူပြည်သူများ ခရီးသွားလာရာတွင် စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)