လမ်းမတော် သြဂုတ် ၁၄
မိုးရာသီကာလအတွင်း ခြင်ကြောင့်ဖြစ်ပွါးတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက် ရောဂါနှင့် အခြားရောဂါများ မဖြစ်ပွါး စေရေး တို့အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည် သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ၀န်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ လမ်းမတော်မြို့နယ်အမှတ်(၆)ရပ်ကွက်သို့ကွင်းဆင်း၍ ရပ်ကွက်အတွင်းရှိ ရေစည်၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွါးစေရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်