အလုံ သြဂုတ် ၁၄
We Love Yangon (Ahlone) လူထုအခြေပြုပရဟိတအဖွဲ့မှ အလုံမြို့နယ်ရှိနွမ်းပါးမိသားစုများအား စားသောက်ကုန်များကို ယနေ့နံနက် (၉) နာရီ အချိန်က လက်ဝယ်အရောက် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလုံမြို့နယ်ရှိနွမ်းပါးမိသားစု အိမ်ထောင်စု ၁၀၀ နှင့် အမက(၄)အလုံ ရှိမူလတန်း ကလေး ၁၀၀ တို့အား ဆန်၊ ဆီ၊ပဲ၊ ခေါက်ဆွဲခြောက်စသည့် စားနပ်ရိက္ခာများပါဝင်သည့် Package များ လှူဒါန်းခြင်းနှင့် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဝန်ထမ်းများ အား Nestle မှလှူဒါန်းသော ကော်ဖီအထုပ်ကြီး ၁ထုပ်၊ milo အထုပ်ကြီး ၁ထုပ်နှင့် malted milk အထုပ်ကြီး ၁ထုပ်စီပါဝင်သော ကူပွန် ၁၀၀ တို့ကို လှူဒါန်းခြင်းများကိုဆောင်ရွက်ခဲ့ည်။
တင်တင်ချို (ပြန်/ဆက်)