သံတောင်ကြီး မတ် ၂၃
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့် တိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် စာကြည့်တိုက်သို့ စာဖတ်၊ စာငှား လာသူတိုင်း လက်ဆေးခြင်းများကိုနေ့စဉ် ဆောင် ရွက်လျက်ရှိသည်။
ယခုအချိန် နွေရာသီကျောင်းပိတ်ရက်ဖြစ်သည့် အတွက် ပြည်သူ့စာကြည့်တိုက် လာ ရောက်ပြီး စာဖတ်၊ စာဌား သူများ ၊ ကလေးစာဖတ်ခန်းတွင် ဆော့ကစားကြသူကလေးငယ်များ ၊ ကိုရို နာဗိုင်းရပ်စ် ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက် စာကြည့်တိုက်တွင် လက်ဆေးဆပ်ပြာရည် နှင့် ရေများထားရှိပြီး စနစ်တကျ လက်ဆေးနည်းများကို စာ/ထောက်-၃ ဒေါ်ယဉ်ယဉ်အေးက လက် တွေ့သရုပ်ပြပြီး ကိုရိုနာ ဗိုင်းရပ်စ် နှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပါ အကြောင်းအရာများ ပြည်သူ့ စာကြည့်တိုက်သို့ လာရောက် သူများအား ရှင်းလင်းပြောကြားပေးခဲ့သည်။
နော်လော်မူ(ပြန်/ဆက်)