ကျောက်တန်း ဩဂုတ် ၁၄
အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့နှင့် ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောက်တန်း မြို့နယ် ပန်တောစံပြကျေးရွာ ကျောက်မရဲဇက်ဆိပ်တွင် ယမန်နေ့ နေ့လယ် ပိုင်းက ပင်လယ်လိပ်များ ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်များကို စိုက်ထူဆောင်ရွက် ခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာတောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ မြန်မာနိုင်ငံ အစီအစဉ်မှ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး တာဝန်ခံ ဆလိုင်းမန်းညီညီလင်းက “ပင်လယ်လိပ်တွေဟာ ပင်လယ်ပြင် ကြီးရဲ့ ကျန်းမာရေးကိုပြသတဲ့ ညွှန်းကိန်းတစ်ခု ဖြစ်တာကြောင့် အလွန်အရေးပါကြောင်း ၊ပင်လယ်ပြင် ဂေဟစနစ် ကောင်းတွေကို ဖန်တီးပေးနိုင်တဲ့ပင်လယ်လိပ်များ မျိုးသုဉ်း မပျောက်ကွယ်ရေးသည် သာမာန်သတ္တဝါများ မျိုးသုဉ်းသွားသည်ထက် ပိုမိုအရေးပါကြောင်း ပင်လယ်လိပ်များ အဓိကရင်ဆိုင်နေရတဲ့ ပြဿနာ တွေကတော့ လိပ်သား/လိပ်ဥ စားသုံးမှု ၊ စွန့်ပစ်အမှိုက်များစည်းကမ်းမဲ့စွာ စွန့်ပစ်မှု၊ တားမြစ်နေရာများတွင် ငါးဖမ်းမှုတွေ ကြောင့် ဖြစ်ပါကြောင်း၊ အဲဒါကြောင့် ပင်လယ်လိပ်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးသာမက ပင်လယ်လိပ် မျိုး ထိန်းသိမ်းရေး လုပ်ငန်း များတွင်လည်း ဒေသခံပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်လာနိုင်ရန်ရည် ရွယ်ချက်များနဲ့ ယခုလိုဆိုင်းဘုတ်တွေ စိုက်ထူရတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် ပင်လယ်လိပ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်မျာကိုပန်းတော စံပြကျေး ရွာ ကျောက်မရဲ ဇက် ဆိပ်ကမ်း ၌ စိုက်ထူခဲ့ကြကြောင်းသိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)