ပန်းတောင်းမြို့နယ်တွင်စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပန်းတောင်း  သြဂုတ်   ၁၄

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟို ဌာန (Community Centre)  ခန်းမတွင် ယမန်နေ့နံက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)တို့ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စာပေဖတ်ရှုမှုမြင့်မားရေးနှင့် စာဖတ်ဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများ ဖြစ်ကြသော စာရေးဆရာ ဥက္ကဋ္ဌ ဦးလှကျော်နှင့် စာရေးဆရာများ ဦးသက်နိုင်ဦး၊ ဦးမြင့်ဌေး ဦးကံမြင့်၊ ဦးညီဌေးတို့က  စာရေးဆရာဖေမြင့်၏ ဉ်းစားခြင်းစာအုပ်မှ လူငယ်များ အတွက် စဥ်းစား၊ ချင့်ချိန်၊ ဆင်ခြင်၊ တွေးတော၊ သုံးသပ် တွေးခေါ် မြော်မြင်၊ စိတ်ကူး၊ ကြံဆ၊ ကြံစည်၊စိစစ်၊ဝေဖန်ပိုင်းခြား စသည့် စကားလုံးများအား သုံးနှုန်း ပြောဆိုရ သော စိတ်အလုပ်တွေသည် စဥ်းစားတတ်စေမည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသည့် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ လိုက်နာဆောင်ရွက်ခဲ့ကြပြီး ပန်းတောင်း မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book  Club)  အဖွဲ့ဝင် များ Youth Club အဖွဲ့ မှ လူငယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

သင်းသင်းအေး(ပြန်/ဆက်)