ကြာအင်းဆိပ်ကြီးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

 

ကြာအင်းဆိပ်ကြီး မတ် ၂၃

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ရောဂါ ကူးစက်မှု  အန္တရာယ်ကြောင့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကို ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့ပြီး  မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများတွင်လည်းဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

အဆိုပါရောဂါကို မြန်မာနိုင်ငံတွင် ယနေ့ချိန်ထိ ကူးစက်ခံရမှု မရှိသေးသော်လည်း ကူးစက် လာနိုင်ခြေရှိသဖြင့် ကြိုတင် ကာကွယ်ရေး နည်းလမ်းများဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့အငြိမ်းစားပင်စင်လစာများ ထုတ်ပေးလျက်ရှိသည့် မြန်မာ့စီးပွားရေး ဘဏ်တွင် ပင်စင်လစာများလာရောက်ထုတ်ယူလျက်ရှိသည့် ပင်စင်ဝန်ထမ်းမိဘပြည်သူများအား ဆပ်ပြာ လက် သန့်စင် ဆေးရည်ဖြင့် လက်စေးဘေစင်များ ထားရှိကာ ရောဂါကာကွယ်ခြင်း နည်းလမ်းဖြင့် လက်ကိုဆေးကြော စေခြင်းဖြင့် အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ် ဘဏ်မန်နေဂျာဦးအောင်လှိုင်ဦးက ပင်စင်ဝန်ထမ်း မိဘပြည်သူများ လစဉ် ၂၁ ရက်နေ့ ပုံမှန်ရုံးဖွင့်ရက် ပင်စင်ထုတ်ရက်တွင်  တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအ‌ဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့်ရက်များတွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေး ထားပြီး ဖြစ်ကြောင်း (COVID-19)ကူးစက်ရောဂါအား ကာကွယ်နိုင်ရေး အတွက် သက်ဆိုင်ရာ ဘဏ်များတွင် မိမိတို့၏ ပင်စင် လစာငွေများကို လစဉ်၂၁ရက်နေ့နောက်ပိုင်း ဘဏ်ဖွင့်ရက်များတွင်ထုတ်ယုခြင်းဖြင့်လည်းကောင်း Mobile Money စနစ်ဖြင့်အသုံးပြု၍ နီးစပ်ရာ Mobile Mobile Agent  ထုတ်ယူ ခြင်းတို့ဖြင့် လွယ်ကူ အဆင်ပြေစွာ ထုတ်ယူကြပါ အသိပေးပြောကြားသည်။ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်စင်စားမိဘပြည်သူများအား အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ (COVID-19)ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ သွားလာနေထိုင်စားသောက်ရမည့် နည်းလမ်းများ ဆောင်ရန် ရှောင်ရန်များကို အသိပညာပေးပြောကြားပြီး ပင်စင်စား မိဘပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက အပူချိန် အဖျားတိုင်းတာခြင်း ကိရိယာဖြင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)