လှိုင်းဘွဲ မတ် ၂၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်တားဆီးနိုင်ရေးနှင့် ပတ်သက်ပြီး မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း ဦးဆောင်ကာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည် နိုင်စေရေးအတွက် ကျန်းမာရေးအသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့ နံနက် ပိုင်းက စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူအသွားအလာများသော နေရာများနှင့် ကျေးရွာများတွင် ပြည်သူသာလျှင်အဓိက ခေါင်စဉ်ပေးထားကာ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအကြောင်း၊ ကာကွယ် သတိပြုရမည့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်း များ၊ သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ ပါရှိသော အသိပညာပေးဗီနိုင်း( ၁၅၆ )ခုကို လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ် မြို့များရှိ မြို့ပေါ်ရပ်ကွက်( ၁၃ ) ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၇၂)အုပ်စုအတွင်းရှိ ကျေးရွာများတွင် ဖြန့်ဝေ စိုက်ထူပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)