တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစုမှ ကြက်သွန်နီများအား  ဈေးနှုန်းသက်သာစွာဖြင့် အသင်းသား များထံ ရောင်းချပေး

ရန်ကုန်   ဩဂုတ်   ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစုမှ သန့်ရှင်းလတ်ဆတ်သော ကြက်သွန်နီများအား အသင်းသားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများမှတဆင့်  ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။

အဆိုပါ သန့်ရှင်းလတ်ဆတ်သော ကြက်သွန်နီများကို မြို့နယ်အတွင်းရှိ လက်တွေ့အကောင် အထည်ဖော်ရောင်း ဝယ်ရေးပြုလုပ်နေသည့် ဇေယျာ၊ အောင်တံခွန်၊ သီတာဦး၊ ရောင်ခြည်ဦး၊ ရာဇာ၊ ရောင်နီဦး၊ မေတ္တာမွန်၊ ငွေကြာယံ၊ ရာဇာသီရိအစရှိသော ရောင်းဝယ်ရေး သမဝါယမအသင်းများနှင့် သမဦးစီးဌာန၊ ငွေစုငွေချေးသို့ အချိန် (၂၅)ပိဿာပါသော ကြက်သွန်နီအိတ် (၁၇)အိတ်၊ စုစုပေါင်းပိဿာချိန် (၄၂၅)ပိဿာအား တစ်ပိဿာလျှင် ငွေကျပ်(၇၀၀)နှုန်းဖြင့် ရောင်းချနိုင်ရန် ဖြန့်ဖြူးပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဖြူးရောင်ချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်နှင့် မကွေးတိုင်းဒေသကြီး၊ သမဝါယမအသင်းစုချုပ်တို့ ပူးပေါင်း၍မကွေးတိုင်းဒေသကြီး၊ ဆိတ်ဖြူမြို့နယ်မှ ထွက်ရှိသည့် သန့်ရှင်းလတ် ဆတ်သော ကြက်သွန်နီ ပိဿာချိန် (၆၉၀၀)အား ဝယ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၆)မြို့ နယ်နှင့် သီရိစန္ဒာအထည်ချုပ် သမဝါယမ အသင်းတို့မှ အသင်းသားများအား သက်သာစွာ ဝယ်ယူစား သုံးနိုင်ရေးအတွက် ချိုသာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး တောင်သူလယ်သမားများမှ စိုက်ပျိုးထုတ်လုပ်သော သီးနှံများ ပြည်တွင်းဈေးကွက် အတွင်းသို့ တင်ပို့ရောင်းချရာတွင် ကြုံတွေ့ ရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရန်နှင့် စားသုံးမှုဖူ လုံစေရန်အတွက် ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခင်ဇော်ထံမှ သိရှိရသည်။

နေထက်(ပြန်/ဆက်)