ရန်ကုန် ဩဂုတ် ၁၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော ပြည်သူ များအား ဆက်လက်ထောက်ပံ့မှု အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန် က ထောက်ပံ့ ပေးခဲ့သည်။
ထိုသို့ နိုင်ငံတော်အစိုးရ၏ ဆက်လက်ထောက်ပံ့ငွေများကို ရန်ကင်းမြို့နယ် ရပ်ကွက် (၁၅)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စု (၃၉၄၁)စုထံ သို့ ငွေကျပ် (၇၈၈၂၀၀၀)ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ထောက်ပံ့ငွေများ ပေးအပ်ကာ သက်ဆိုင်ရာ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ တဆင့် ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား အိမ်တိုင်ရာ ရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)