သာယာဝတီ သြဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာ ပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တွင် ရေလွှမ်းမိုးမှုဖြစ် လာလျှင်ဘာလုပ်ရမလဲ၊ ရေကြီးခြင်း ဖြစ်ပေါ်နေလျှင် ရှောင်ရှားသင့်သည့် အချက်များနှင့်လိုက်နာ ရမည့်အချက်များ၊ လျှပ်စီးလက်ခြင်းမဖြစ်မီ ကြိုတင်လုပ်ဆောင်ရမည့် အချက်များ၊ သဘာဝဘေး ဖြစ်ပေါ် လာလျှင် ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များ၊ ဘေးဒုက္ခရောက်သော ဒေသသို့ အကြောင်း ကိစ္စမရှိဘဲ မသွားပါနှင့်၊ မြေယာဥပဒေအကြောင်း သိကောင်းစရာများ၊ ကလေး အလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာ ပေး နံရံကပ်စာစောင်စသည့် အသိပညာပေး အကြောင်းအရာများပါဝင်ကြောင်းသိရသည်။
သန့်ဇော်(ပြန်/ဆက်)