ပြည်မြို့၊ ပြန်/ဆက် ဦးစီးဌာနရုံး ကလေးစာဖတ်ခန်းများအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပစ္စည်းများနှင့် အွန်လိုင်းပုံပြောခြင်း အစီအစဥ်ရိုက်ကူးရေး အထောက်အကူပြု ပစ္စည်းများ လာရောက်လှူဒါန်း

ပြည်  သြဂုတ်  ၁၄

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးနှင့် ခရိုင်အတွင်း မြို့နယ်ရုံးများရှိ ကလေး စာဖတ်ခန်းများအတွက် ဂျပန်နိုင်ငံ (Shanti Volunteer Association) ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် ကလေး စာဖတ်များ၏ အွန်လိုင်းပုံပြောခြင်း အစီအစဉ်ရိုက်ကူးရေးအတွက်အထောက် အကူပြုပစ္စည်းများကို ယမန်နေ့ညနေပိုင်းက လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါရုံး(၆)ရုံး ကလေးစာဖတ်ခန်းများအတွက် လာရောက်လှူဒါန်းခြင်းတွင် တစ်ရုံးလျှင် ကျောင်းစာကြည့် တိုက်လုပ်ငန်းလက်စွဲစာစောင်နှင့် စာငှားဝန်ဆောင်မှု စာအုပ်(၁၈)အုပ်စီ၊ ကော်လံမိုက်ခ် (၁) ခုစီ၊ Tripod (၁)ခုစီ၊ နှာခေါင်းစည်းMask (၅၀)ခုပါ(၁)ဘူးစီ၊ Face shield (၂)ခုစီ၊ လက်သန့် ဆေးရည် (Spary)(၁) ဘူးစီနှင့် လက်သန့်ဆေးရည်(Gel)(၁)ဘူးစီတို့ကို သြဂုတ် ၁၃ ရက်နေ့တွင် (SVA)မှ တာဝန်ရှိသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးကလေးစာခန်း၌ မြို့နယ်ပြန်/ ဆက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့် ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မျိုးကျော်ကြီး(ပြန်/ဆက်)