မင်းလှမြို့နယ်တွင် Cash for Work စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး

မင်းလှ (အောက်)  ဩဂုတ် ၁၄

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ  Cash For Work စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၀၀) ဖြင့် ဆောင်ရွက် လျက်ရှိ သော သဲကောအုပ်စု၊ သဲကောကျေးရွာတွင်းလမ်းခင်းခြင်းလုပ်ငန်းကို ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ကြည့်ရှု စစ်ဆေး ခဲ့သည်။

အဆိုပါကြည့်ရှု့စစ်ဆေးခြင်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်း၊ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက အရှည် (၃၉၀၀)ပေရှိ ကျေးရွာတွင်းလမ်းခင်းခြင်းနှင့် ရေနှုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း ၉၀ ရာခိုင်နူန်း ဆောင်ရွက်ပြီး စီးမှုအခြေအနေအားကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ကျေးရွာကော် မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ Cash For Work စီမံကိန်းညွှန်ကြားချက်များနှင့်အညီ စီမံကိန်းရန်ပုံငွေ ၆၀ ရာခိုင်နူန်းကို လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာသူ ကျေးရွာသားများ လုပ်အားခ ပြည့်ပြည့်ဝဝ ရရှိရေးအလေးထားဆောင်ရွက်ရန်၊ လုပ်ငန်း ရေရှည် တည်တံစေ‌‌ရေးအတွက်ကျေးရွာမှ စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်ရန်လမ်းညွှန်မှာကြားခဲ့သည်။

မင်းလှမြို့နယ်တွင်ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ်ဖြင့်Cash For Work စီမံကိန်းကျေးရွာ () ရွာ ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းများကိုဩဂုတ်လအတွင်းပြီး စီးအောင်ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)