မင်္ဂလာတောင်ညွန့်မြို့နယ်တွင်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဥ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၆) ဦးရှိ

ရန်ကုန်        သြဂုတ်     ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းမှု (၁၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၀ ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၇) ခုနှင့် တစ်သီးပုဂ္ဂလတို့မှ ကိုယ်စားလှယ် လောင်း (၁၆) ဦးဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို မြို့နယ် ကော်မရှင်အဖွဲ့ခွဲ၌ လာရောက်တင်သွင်းထားပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာတွင် (၃) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာတွင် (၂) ဦး၊ အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာတွင် (၇)ဦးနှင့် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄) ဦးတို့ ဖြစ်ကြောင်းသိရသည်။ အဆိုပါ လွှတ်တော် အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများ၏ အချက်အလက်များအား ရန်ကုန်အရှေ့ပိုင်း ခရိုင် ရွေးကောက်ပွဲကော်မရှင်တွင် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)